Header Ads Widget

Responsive Advertisement

THAILAND


ျပည္တြင္းအခြန္မ်ား ဦးစီးဌာနမွ အရာရွိ ၁၄ ဦးကို လာဘ္စားမႈျဖင့္ ဝန္ထမ္းအျဖစ္မွ ခ်က္ခ်င္း ထုတ္ပစ္လိုက္ျပီး က်န္အရာရွိ ၁၄ ဦးကိုလည္း ဆက္လက္ အေရးယူသြားရန္ စီစဉ္လ်က္ရွိေျကာင္း စံုစမ္းသိရွိရသည္။
ဝန္ထမ္းအျဖစ္မွ အထုတ္ခံရသည့္ ယင္းအရာရွိမ်ားမွာ ရန္ကုန္တိုင္းမွ လက္ေထာက္ညွြန္ျကားေရးမႉး ၅ ဦး နွင့္ ဦးစီးအရာရွိ ၅ ဦး ၊ မနၱေလးတိုင္းမွ လက္ေထာက္ ညွြန္ျကားေရးမႉး ၃ ဦး နွင့္ ေမာ္လျမိုင္မွ  လက္ေထာက္ ညွြန္ျကားေရးမႉး ၁ ဦးတို့ ျဖစ္ေျကာင္း၊ ဌာနအေျပာင္းခံရသူ အခြန္အရာရွိ ၇ ဦး၊ နုတ္ထြက္ခြင့္ျပုသူ အရာရွိ ၂ ဦး အပါအဝင္ လက္ေထာက္ ညွြန္ျကားေရးမႉး အဆင့္နွင့္ အထက္ တာဝန္ရွိသူ အရာရွိမ်ားကိုလည္း ဆက္တိုက္ အေရးယူ ေဆာင္ရြက္သြားမည္ ျဖစ္ေျကာင္း ေနျပည္ေတာ္ရွိ ျပည္တြင္းအခြန္မ်ား ဦးစီးဌာန၊ ဝန္ထမ္းေရးရာဌာနမွ အျကီးတန္း အရာရွိတဦးက ဧရာဝတီသို့ ေျပာသည္။
“ဒီတခါ Case ကိုေတာ့ CID (မႈခင္းရဲတပ္ဖြဲ့) ကို မလွြဲဘူး။ ေနျပည္ေတာ္က တိုက္ရိုက္ဆင္းျပီး စံုစမ္းသြားတာ။ အခု ေနာက္ပိုင္း အခြန္ကိစၥေတြကို ဘယ္အဖြဲ့အစည္းက စံုစမ္းရမယ္ဆိုတာ တိတိက်က် မရွိေသးဘူး” ဟု ရန္ကုန္ျမို့ အင္းစိန္ CIDမွ ရဲအရာရွိတဦးက ဆိုသည္။
စီးပြားေရး လုပ္ငန္းရွင္မ်ားသည္ လုပ္ငန္းနွင့္ ပတ္သက္ေသာ အခြန္အခမ်ားကို အျပည့္အဝ မထမ္းေဆာင္ လိုေသာေျကာင့္ အခြန္ဝန္ထမ္းမ်ားနွင့္ ညွိနွိုင္းကာ နားလည္မႈျဖင့္ ထမ္းေဆာင္ရမည့္ အခြန္နႈန္းထား အျပည့္ မေပးေတာ့ဘဲ တဝက္ သို့မဟုတ္ နႈန္းထားတခုသာ ေပးေဆာင္ျပီး အခြန္ဝန္ထမ္းကို ေငြေျကး လာဘ္ထိုးျခင္းျဖင့္ အခြန္ေရွာင္ေလ့ရွိေျကာင္း ゞင္းက ေျပာသည္။
အခြန္အရာရွိမ်ားသည္ အခြန္စည္းျကပ္ ေကာက္ခံရာတြင္ အျပည့္အဝ ေကာက္ယူျခင္း မရွိဘဲ နားလည္မႈျဖင့္ အခြန္ေလွ်ာ့ ေကာက္ခံျခင္းမ်ား ျပုလုပ္လ်က္ ရွိေျကာင္း၊ ျပည္တြင္း အခြန္ဦးစီးဌာန ေအာက္ေျခဝန္ထမ္းမ်ားက ေနျပည္ေတာ္သို့ တိုင္ျကားခဲ့ေသာေျကာင့္ စံုစမ္းစစ္ေဆးမႈမ်ား ျပုလုပ္ျပီး ယခုကဲ့သို့ နိုင္ငံေတာ္ အခြန္ဘ႑ဍာ ဆံုးရံႈးေစမႈျဖင့္ အေရးယူလိုက္ျခင္း ျဖစ္ေျကာင္း သိရသည္။
“အထုတ္ခံရတဲ့ သူေတြကေတာ့ ဘယ္ဌာန ဘယ္ကုမၸဏီမွာမွ အလုပ္ဝင္လို့ ရမွာ မဟုတ္ပါဘူး။ သူတို့က ဝန္ထမ္းအျဖစ္က အထုတ္ခံရတာေပါ့။ ရာထူးကေန အထုတ္ခံရရင္ေတာ့ တျခားဌာန တခုခုမွာ အလုပ္ျပန္ဝင္လို့ ရပါတယ္။ အခုက ဝန္ထမ္းအျဖစ္က ထုတ္ပစ္လိုက္တာဆိုေတာ့ အျမင့္ဆံုး ျပစ္ဒဏ္ပဲ” ဟု ေနျပည္ေတာ္ရွိ ျပည္တြင္းအခြန္မ်ား ဦးစီးဌာန ဝန္ထမ္းေရးရာဌာနမွ အျကီးတန္းအရာရွိက ေျပာသည္။
အခြန္ဌာနမွ ဝန္ထမ္းတခ်ို့  လာဘ္ယူေနသည္မွာ နွစ္ေပါင္းမ်ားစြာ ျကာျမင့္ေနျပီ ျဖစ္ေသာေျကာင့္ ယခုကဲ့သို့ အေရးယူမႈကို ျကိုဆိုေျကာင္း၊ လာဘ္ေပးလာဘ္ယူဟု ဆိုရာတြင္ လာဘ္ယူသူကိုသာမက လာဘ္ေပးသူကိုပါ အေရးယူသင့္ေျကာင္း ဘ႑ဍာေရးဝန္ျကီးဌာန အျကံေပး ကေမၻာဇဘဏ္ ဒု ဥကၠ႒ဌ ဦးသန္းလြင္က ေျပာသည္။
“အခြန္က လူေတြက လုပ္ငန္းတခုကို အခြန္ေဆာင္ခိုင္းတဲ့အခါ သတ္မွတ္နႈန္းထက္ ပိုေတာင္းတယ္။ ဥပမာ သိန္း ၁၀ဝ က်ရင္၂၀ဝ ေတာင္းတယ္။ ေဆာင္ရမယ့္လူကလည္း သူေဆာင္ရမယ့္နႈန္းထက္ ပိုမ်ားေနေတာ့ မေဆာင္ခ်င္ဘူး။ မေဆာင္ခ်င္ရင္ ညွိခိုင္းတယ္။ ပိုက္ဆံယူတာေပါ့။ အခုလို လုပ္ျကေတာ့ နိုင္ငံေတာ္က သန္း ၁ ေထာင္ရမယ့္ဟာ သန္း ၁၀ဝ ေလာက္ပဲ ရေတာ့မွာ။ အဓိကကေတာ့ ေခါင္လံုဖို့လိုတယ္။ ေခါင္လံုရင္ ေအာက္ေျခကို ရွင္းလို့ရျပီ။ အခု ဝန္ျကီးဌာနကလည္း ပညာရွင္ေတြစကား နားေထာင္လာတယ္။ ဘယ္လို လုပ္သင့္တယ္ ဆိုတာမ်ိုးေတြလည္း နားေထာင္လာတယ္” ဟု ゞင္းက ဆိုသည္။
၂၀၁၂ ခုနွစ္၊ ဇြန္လအတြင္းကလည္း တရားမဝင္ လိုင္စင္မဲ့ကားမ်ားကို ဆိပ္ကမ္းမ်ားမွ တရားမဝင္ ထုတ္ယူခြင့္ျပုျခင္းနွင့္ ပတ္သက္ျပီး စီးပြားေရးနွင့္ ကူးသန္းေရာင္းဝယ္ေရး ဝန္ျကီးဌာနမွ ဝန္ထမ္း ၅ ဦး၊ အေကာက္ခြန္ ဦးစီးဌာနမွ ၃၃ ဦး၊ ျမန္မာ့ဆိပ္ကမ္း အာဏာပိုင္အဖြဲ့မွ ဝန္ထမ္း ၅ ဦး စုစုေပါင္း ၄၃ ဦးကို အလုပ္မွ ထုတ္ပယ္ျခင္း၊ ရာထူးခ်၊ ဌာနေျပာင္း စသည့္ အေရးယူျခင္းမ်ား လုပ္ေဆာင္ခဲ့ေျကာင္း သိရသည္။

၂၀၁၃ ခုနွစ္ ေဖေဖာ္ဝါရီ လဆန္းပိုင္းကလည္း ရန္ကုန္ဆိပ္ကမ္းတြင္ ေရာက္ရွိေသာ ေမာ္ေတာ္ကားမ်ားကို ထုတ္ယူရာတြင္ လာဘ္ေပးလာဘဘ္ယူမႈမ်ား ပါဝင္ပတ္သက္ခဲ့ေသာ  အေကာက္ခြန္ ဦးစီးဌာနမွ ဝန္ထမ္း ၁၆ ဦးကို ဘ႑ဍာေရး ဝန္ျကီးဌာနက မယူမေနရ အျငိမ္းစားေပး အေရးယူခဲ့သည္။
http://mobile.irrawaddy.com/tax/2013/07/17/44572.html 
ပြည်တွင်းအခွန်များ ဦးစီးဌာနမှ အရာရှိ ၁၄ ဦးကို လာဘ်စားမှုဖြင့် ဝန်ထမ်းအဖြစ်မှ ချက်ချင်း ထုတ်ပစ်လိုက်ပြီး ကျန်အရာရှိ ၁၄ ဦးကိုလည်း ဆက်လက် အရေးယူသွားရန် စီစဉ်လျက်ရှိကြောင်း စုံစမ်းသိရှိရသည်။ 
ဝန်ထမ်းအဖြစ်မှ အထုတ်ခံရသည့် ယင်းအရာရှိများမှာ ရန်ကုန်တိုင်းမှ လက်ထောက်ညွှန်ကြားရေးမှူး ၅ ဦး နှင့် ဦးစီးအရာရှိ ၅ ဦး ၊ မန္တလေးတိုင်းမှ လက်ထောက် ညွှန်ကြားရေးမှူး ၃ ဦး နှင့် မော်လမြိုင်မှ  လက်ထောက် ညွှန်ကြားရေးမှူး ၁ ဦးတို့ ဖြစ်ကြောင်း၊ ဌာနအပြောင်းခံရသူ အခွန်အရာရှိ ၇ ဦး၊ နုတ်ထွက်ခွင့်ပြုသူ အရာရှိ ၂ ဦး အပါအဝင် လက်ထောက် ညွှန်ကြားရေးမှူး အဆင့်နှင့် အထက် တာဝန်ရှိသူ အရာရှိများကိုလည်း ဆက်တိုက် အရေးယူ ဆောင်ရွက်သွားမည် ဖြစ်ကြောင်း နေပြည်တော်ရှိ ပြည်တွင်းအခွန်များ ဦးစီးဌာန၊ ဝန်ထမ်းရေးရာဌာနမှ အကြီးတန်း အရာရှိတဦးက ဧရာဝတီသို့ ပြောသည်။
“ဒီတခါ Case ကိုတော့ CID (မှုခင်းရဲတပ်ဖွဲ့) ကို မလွှဲဘူး။ နေပြည်တော်က တိုက်ရိုက်ဆင်းပြီး စုံစမ်းသွားတာ။ အခု နောက်ပိုင်း အခွန်ကိစ္စတွေကို ဘယ်အဖွဲ့အစည်းက စုံစမ်းရမယ်ဆိုတာ တိတိကျကျ မရှိသေးဘူး” ဟု ရန်ကုန်မြို့ အင်းစိန် CIDမှ ရဲအရာရှိတဦးက ဆိုသည်။
စီးပွားရေး လုပ်ငန်းရှင်များသည် လုပ်ငန်းနှင့် ပတ်သက်သော အခွန်အခများကို အပြည့်အ၀ မထမ်းဆောင် လိုသောကြောင့် အခွန်ဝန်ထမ်းများနှင့် ညှိနှိုင်းကာ နားလည်မှုဖြင့် ထမ်းဆောင်ရမည့် အခွန်နှုန်းထား အပြည့် မပေးတော့ဘဲ တဝက် သို့မဟုတ် နှုန်းထားတခုသာ ပေးဆောင်ပြီး အခွန်ဝန်ထမ်းကို ငွေကြေး လာဘ်ထိုးခြင်းဖြင့် အခွန်ရှောင်လေ့ရှိကြောင်း ၎င်းက ပြောသည်။
အခွန်အရာရှိများသည် အခွန်စည်းကြပ် ကောက်ခံရာတွင် အပြည့်အ၀ ကောက်ယူခြင်း မရှိဘဲ နားလည်မှုဖြင့် အခွန်လျှော့ ကောက်ခံခြင်းများ ပြုလုပ်လျက် ရှိကြောင်း၊ ပြည်တွင်း အခွန်ဦးစီးဌာန အောက်ခြေဝန်ထမ်းများက နေပြည်တော်သို့ တိုင်ကြားခဲ့သောကြောင့် စုံစမ်းစစ်ဆေးမှုများ ပြုလုပ်ပြီး ယခုကဲ့သို့ နိုင်ငံတော် အခွန်ဘဏ္ဍာ ဆုံးရှုံးစေမှုဖြင့် အရေးယူလိုက်ခြင်း ဖြစ်ကြောင်း သိရသည်။
“အထုတ်ခံရတဲ့ သူတွေကတော့ ဘယ်ဌာန ဘယ်ကုမ္ပဏီမှာမှ အလုပ်ဝင်လို့ ရမှာ မဟုတ်ပါဘူး။ သူတို့က ဝန်ထမ်းအဖြစ်က အထုတ်ခံရတာပေါ့။ ရာထူးကနေ အထုတ်ခံရရင်တော့ တခြားဌာန တခုခုမှာ အလုပ်ပြန်ဝင်လို့ ရပါတယ်။ အခုက ဝန်ထမ်းအဖြစ်က ထုတ်ပစ်လိုက်တာဆိုတော့ အမြင့်ဆုံး ပြစ်ဒဏ်ပဲ” ဟု နေပြည်တော်ရှိ ပြည်တွင်းအခွန်များ ဦးစီးဌာန ဝန်ထမ်းရေးရာဌာနမှ အကြီးတန်းအရာရှိက ပြောသည်။
အခွန်ဌာနမှ ဝန်ထမ်းတချို့  လာဘ်ယူနေသည်မှာ နှစ်ပေါင်းများစွာ ကြာမြင့်နေပြီ ဖြစ်သောကြောင့် ယခုကဲ့သို့ အရေးယူမှုကို ကြိုဆိုကြောင်း၊ လာဘ်ပေးလာဘ်ယူဟု ဆိုရာတွင် လာဘ်ယူသူကိုသာမက လာဘ်ပေးသူကိုပါ အရေးယူသင့်ကြောင်း ဘဏ္ဍာရေးဝန်ကြီးဌာန အကြံပေး ကမ္ဘောဇဘဏ် ဒု ဥက္ကဋ္ဌ ဦးသန်းလွင်က ပြောသည်။
“အခွန်က လူတွေက လုပ်ငန်းတခုကို အခွန်ဆောင်ခိုင်းတဲ့အခါ သတ်မှတ်နှုန်းထက် ပိုတောင်းတယ်။ ဥပမာ သိန်း ၁၀၀ ကျရင်၂၀၀ တောင်းတယ်။ ဆောင်ရမယ့်လူကလည်း သူဆောင်ရမယ့်နှုန်းထက် ပိုများနေတော့ မဆောင်ချင်ဘူး။ မဆောင်ချင်ရင် ညှိခိုင်းတယ်။ ပိုက်ဆံယူတာပေါ့။ အခုလို လုပ်ကြတော့ နိုင်ငံတော်က သန်း ၁ ထောင်ရမယ့်ဟာ သန်း ၁၀၀ လောက်ပဲ ရတော့မှာ။ အဓိကကတော့ ခေါင်လုံဖို့လိုတယ်။ ခေါင်လုံရင် အောက်ခြေကို ရှင်းလို့ရပြီ။ အခု ဝန်ကြီးဌာနကလည်း ပညာရှင်တွေစကား နားထောင်လာတယ်။ ဘယ်လို လုပ်သင့်တယ် ဆိုတာမျိုးတွေလည်း နားထောင်လာတယ်” ဟု ၎င်းက ဆိုသည်။
၂၀၁၂ ခုနှစ်၊ ဇွန်လအတွင်းကလည်း တရားမဝင် လိုင်စင်မဲ့ကားများကို ဆိပ်ကမ်းများမှ တရားမဝင် ထုတ်ယူခွင့်ပြုခြင်းနှင့် ပတ်သက်ပြီး စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနမှ ဝန်ထမ်း ၅ ဦး၊ အကောက်ခွန် ဦးစီးဌာနမှ ၃၃ ဦး၊ မြန်မာ့ဆိပ်ကမ်း အာဏာပိုင်အဖွဲ့မှ ဝန်ထမ်း ၅ ဦး စုစုပေါင်း ၄၃ ဦးကို အလုပ်မှ ထုတ်ပယ်ခြင်း၊ ရာထူးချ၊ ဌာနပြောင်း စသည့် အရေးယူခြင်းများ လုပ်ဆောင်ခဲ့ကြောင်း သိရသည်။
၂၀၁၃ ခုနှစ် ဖေဖော်ဝါရီ လဆန်းပိုင်းကလည်း ရန်ကုန်ဆိပ်ကမ်းတွင် ရောက်ရှိသော မော်တော်ကားများကို ထုတ်ယူရာတွင် လာဘ်ပေးလာဘဘ်ယူမှုများ ပါဝင်ပတ်သက်ခဲ့သော  အကောက်ခွန် ဦးစီးဌာနမှ ဝန်ထမ်း ၁၆ ဦးကို ဘဏ္ဍာရေး ဝန်ကြီးဌာနက မယူမနေရ အငြိမ်းစားပေး အရေးယူခဲ့သည်။

Post a Comment

0 Comments